Latest News
နောက်ဆုံးရသတင်းများ
ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ ဒေသထွက်ဒူးရင်းသီးများ စတင်ထွက်ရှိ၊ ခြံရှင်များ စျေးကောင်းရရန် မျှော်လင့်
02/04/24
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အစောဆုံးဒူးရင်းသီးများ ထွက်ရှိသည့် ကလိုင်းကနိုင် ကျေးရွာ၌ ယိုးဒယားဒူးရင်းသီးမျိုးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းခြံရှင်များအနေဖြင့် ပေါ်ဦး ပေါ်ဖျား စျေးကောင်းရရန် မျှော်လင့်နေကြပြီး လူကြိုက်များသည့် ယိုးဒယားကိုင်းဆက်မျိုးဖြစ်၍ လူကြိုက်များ၍ ဝယ်လိုအားလည်းများသဖြင့် စိုက်ပျိုးသူများအဆင်ပြေလျက်ရှိသည်။
ပေါင်မြို့နယ်၌ သထုံခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းကုသ
02/04/24
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မွန်ပြည်နယ် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၊ သထုံခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သထုံခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းဆေးကုသမှုကို ဧပြီ ၂ ရက် နံနက်ပိုင်းက သဲကုန်းတိုက်နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။
ကြံခင်းမြို့၌ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
02/04/24
ကြံခင်း၊ ဧပြီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မွေးစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ဧပြီ ၂ ရက် နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ အခြေခံ ခဲရေးပန်းချီရေးဆွဲနည်းသင်တန်း အခမဲ့ ဖွင့်လှစ်
02/04/24
ဆိပ်ကြီးခနောင်တို၊ ဧပြီ ၂
ရွှေကျွန်းတော ဓာတ်အားခွဲရုံမှ မီးစတင်ပို့လွှတ်
02/04/24
နတ်တလင်း၊ ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ တာပွန်မြို့ ရွှေကျွန်းတောဓာတ်အားခွဲရုံမှ ဧပြီ ၁ ရက် နံနက်ပိုင်းမှ စတင်ကာ ဓာတ်အားပို့လွှတ်သုံးစွဲလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့နယ်၌ ကာကွယ်ဆေးထိုးနှံတိုက်ကျွေး
02/04/24
မိတ္ထီလာမြို့နယ်၌ ကုသရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များအား Catch-up အမီလိုက်နည်းလမ်းဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းအစီအစဉ်ကို ဧပြီ ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ရာ မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်နှင့်အဖွဲ့ လာရောက်ကြည့်ရှု အားပေးခဲ့သည်။
လယ်ဝေးမြို့နယ်ရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်
02/04/24
နွေရာသီ ကျောင်းပိတ်ရက်များတွင် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိရှိ အသုံးချနိုင်စေရန်၊ ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်စေရန်၊ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေရန်၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်စေရန်နှင့် ရိုးရာအားကစားနည်းများကို မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်စေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လယ်ဝေးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အားကစားကွင်းများတွင် မတ် ၁၉ ရက်မှစတင်ကာ အားကစားနည်း ခုနစ်မျိုးကို ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။
အဖတ်များဆုံး သတင်း
- 9/Jul/2026