Latest News
နောက်ဆုံးရသတင်းများ
KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ် တက္ကသိုလ်များတွင် သင်ကြားမည့် သင်တန်းကာလနှင့် သင်ရိုးညွှန်းတမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအစည်းအဝေး ကျင်းပ
28/03/24
နေပြည်တော် မတ် ၂၈
KG+12 ပညာရေးစနစ်သစ်ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအတွက် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်သင်တန်းအသီးသီးတွင် သင်ကြားမည့် သင်တန်းကာလနှင့် သင်ရိုးညွှန်း တမ်းများ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေးဆွေးနွေးပွဲ ၂၀၂၄ သို့ တက်ရောက်အားပေး
28/03/24
မန္တလေး မတ်၂၈
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်ရေး ဆွေးနွေးပွဲ ၂၀၂၄ ကို ယနေ့ နံနက်ပိုင်းက မန္တလေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးမြင့်စိုး ရမည်းသင်း၊ ဝမ်းတွင်း၊ ကျောက်ဆည်မြို့နယ်များမှ ဝါစိုက်တောင်သူများနှင့် တွေ့ဆုံ
28/03/24
နေပြည်တော် မတ် ၂၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး သည် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအုပ်စုအတွင်းမှ ဝါစိုက်တောင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။
၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲ ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲအထူးကြီးကြပ်ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်
28/03/24
နေပြည်တော် မတ် ၂၈
၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲတွင် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာမေးပွဲအထူး ကြီးကြပ်ဆရာတော်များအား နေ့ဆွမ်း ဆက်ကပ်ခြင်းနှင့် စာဖြေသံဃာတော်များအတွက် ဆွမ်းစရိတ်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ မင်္ဂလာဗျူဟာ သာသနာ့ ဗိမာန်တော်ကြီး၌ ကျင်းပသည်။