Latest News
နောက်ဆုံးရသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
29/01/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
29/01/24
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း (၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
အိမ်ခြံဝင်းအတွင်း ဂွေးချိုသီးပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ
29/01/24
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ အပူချိန်မြင့်သော ကျေးရွာများရှိ စိုက်ပျိုးရေးကို စိတ်ဝင်စားသော ဒေသခံအချို့မှာ ဂွေးချိုသီးပင်များကို အိမ်ခြံဝင်းအတွင်း စမ်းသပ်စိုက်ပျိုးလာရာမှ မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရသည်။
မင်းဘူးမြို့နယ်၌ လေးပင်ကျေးရွာဒေသထွက် ဆီးချိုသီးများ ဝယ်ယူစားသုံးသူများ၍ အရောင်းအဝယ် ကောင်းမွန်နေ
29/01/24
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် လေးပင်ကျေးရွာဒေသထွက် ဆီးချိုသီးများ လှိုင်လှိုင်ထွက်ရှိလျက်ရှိပြီး ပေါ်ဦးပေါ်ဖျား ရာသီစာအဖြစ် ပြည်သူများက အကြိုက်တွေ့ ဝယ်ယူစားသုံးကြသဖြင့် အရောင်းအဝယ် ကောင်းမွန်လျက်ရှိကြောင်း မင်းဘူးမြို့ပေါ်ရှိ တစ်ပိုင်တစ်နိုင် ဆီးချိုသီးများ ဝယ်ယူရောင်းချသူများထံက သိရသည်။
မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာ(၁၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) လုပ်ငန်းဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
29/01/24
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင် ကွပ်ကဲမှုအောက်ရှိ မိုင်းတုံမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေကျပ် (၁၅)သန်းစီဖြင့် မိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာ (၁၄)ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ဒုတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွင်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ခရိုင်ဦးစီးဌာနမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် မီးပေါ့ဆမှုကြောင့် နေအိမ် (၃)လုံး မီးလောင်ဆုံးရှုံး
29/01/24
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ် (၃)ရပ်ကွက်၊ မဟာဗန္ဓုလ (၅)လမ်းတွင် ဇန်နဝါရီ ၂၈ ရက် ညနေ ၆ နာရီ ၅ မိနစ်ခန့်က အိမ်ပိုင်ရှင် ဦးထွန်းအောင်လင်း၏ နေအိမ်၌ ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာမှ ဘုရားစင်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ် (၂)လုံးအား ကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
29/01/24
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။