Latest News

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား (Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်တွင်း

29/12/23

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ် ရွှေစင်ရွှေပြား(Gold Plating) ကပ်လှူပူဇော်ခြင်း ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေ့စဉ်မိုးလေဝသသတင်း    မွန်းလွဲ(၂:၀၀)နာရီအချိန် ထုတ်ပြန်ချက်

မိုးလေဝသ

29/12/23

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။

​ရွှေဘိုတက္ကသိုလ်၌ (၇၆)နှစ်​မြောက် လွတ်လပ်​ရေး​နေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် စာ​ပေ​ဟော​ပြောပွဲ အခမ်းအနား ကျင်းပ

ပြည်တွင်း

29/12/23

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုတက္ကသိုလ် ရတနာသိင်္ဃခန်းမတွင် (၇၆)နှစ်​မြောက် လွတ်လပ်​ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် စာ​ပေ​ဟော​ပြောပွဲကို ယ​နေ့နံနက် ၁၀ နာရီက ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ၊ ပါ​မောက္ခချုပ် ဆရာမကြီး​ဒေါက်တာမျိုးမျိုး၊ ဒုတိယပါ​မောက္ခချုပ် ဆရာမကြီး​ ဒေါက်တာတင်တင်ရီနှင့် ပါ​မောက္ခ(ဌာနမှူး)များ၊ ပါ​မောက္ခများ၊ တွဲဖက်ပါ​မောက္ခများ၊ ကထိကများ၊ ဆရာ/ဆရာမများ၊​ ကျောင်းသား​/ကျောင်းသူများ တက်​ရောက်ကြသည်။

(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မင်းဘူးမြို့ပန်းခြံလမ်း၌ ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

ပြည်တွင်း

29/12/23

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ပန်းခြံလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်ဒေသကြီးဥပဒေချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ/မြို့ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်တွင်း

29/12/23

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ပညာသင်နှစ်၊​(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့(အကြို) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက အမှတ်(၅) အ​ခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧက ဝိုင်းဝန်းဖျက်ဆီး

ပြည်တွင်း

29/12/23

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ဘိန်းစိုက်ရာသီကာလ၌ ဘိန်းစိုက်ပျိုးမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးဖျက်ဆီးမှု ဆောင်ရွက်နိုင်ရန်အတွက် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများအတွင်းရှိ ဘိန်းစိုက်ခင်းများကို ဒီဇင်ဘာ ၂၅ ရက်မှစတင်၍ ပူးပေါင်းအဖွဲ့များက သွားရောက်ဖျက်ဆီးခဲ့ကြရာ ယနေ့ထိ ဘိန်းစိုက်ခင်း ၂၄ ဒသမ ၅ ဧက ဝိုင်းဝန်းဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားအလွတ်တန်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်တွင်း

29/12/23

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသက်(၂၅)နှစ်အောက် အမျိုးသားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အောင်မြင်ဇေယျ ရခိုင်ဘုရားကြီးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဖတ်များဆုံး သတင်း