Latest News

Latest News

ငွေဆောင်ကမ်းခြေ ချစ်သူများကျွန်းတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပြည်တွင်း

25/12/21

ငွေဆောင်   ဒီဇင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေရှိ ချစ်သူများကျွန်း ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ကြသည်။

ချောင်းသာကမ်းခြေ၌ လာရောက်အပန်းဖြေသူ စည်ကားများပြားလျက်ရှိ

ပြည်တွင်း

25/12/21

ချောင်းသာ   ဒီဇင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက စည်ကားများပြားလျက်ရှိသည်။

ညောင်တုန်းမြို့နယ်၌ အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကျင်းပ

ပြည်တွင်း

25/12/21

ညောင်တုန်း   ဒီဇင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနမှ ကြီးမှုကျင်းပသော (၇၀)ကြိမ်မြောက် အဘိဓမ္မာ(ရိုးရိုး)၊ အဘိဓမ္မာ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဒီဇင်ဘာ ၂၄ ရက်က (၁)ရပ်ကွက်၊ ကျောင်းကြီးကျောင်းတိုက် ဓမ္မာရုံကြီး၌ ပြုလုပ်ခဲ့သည်။

မိုင်းယောင်းမြို့၌ အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် Campain ပြုလုပ်

ပြည်တွင်း

25/12/21

မိုင်းယောင်း   ဒီဇင်ဘာ   ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် ဒီဇင်ဘာ ၂၄ ရက်က အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းသွားလာသူများနေ့ အထိမ်းအမှတ် Campain ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေကြည်မြို့နယ်၌ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့်် ဝိသုဒ္ဓိမဂ် စာမေးပွဲ သီလရှင် ၃၃ ဦးနှင့် လူပုဂ္ဂိုလ် လေးဦး ဖြေဆို

ပြည်တွင်း

25/12/21

ရေကြည်   ဒီဇင်ဘာ   ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်၊ မင်္ဂလာရာမကျောင်းတိုက် တွင်  ဒီဇင်ဘာ ၂၄ ရက်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ကျင်းပသည့် ၂၀၂၁ ခုနှစ် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ ဖြေဆိုခဲ့ကြသည်။

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများ ကျင်းပ

ပြည်တွင်း

25/12/21

ကော့သောင်း   ဒီဇင်ဘာ   ၂၅

(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ဉာဏစွမ်းရည်ပြိုင်ပွဲများကို ဒီဇင်ဘာ ၂၅ ရက် နံနက်ပိုင်းက ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။

 မင်းဘူးမြို့ဈေးကွက်သို့ တစ်ရက်လျှင် ကြက်သွန်န်ပိဿာချိန် တစ်သိန်းခန့်ဝင်ရောက်

ပြည်တွင်း

25/12/21

မင်းဘူး   ဒီဇင်ဘာ   ၂၅

မကွေးတိုင်းဒေသကြီး မင်းဘူးဈေးကွက်တွင် ရေနံချောင်းနယ်ဘက်ရှိ ကျေးရွာများမှ တစ်ရက်လျှင် ကြက်သွန်နီ ပိဿာချိန် တစ်သိန်းခန့် လာရောက် ရောက်ရောင်းချလျက်ရှိကြောင်း မင်းဘူးမြို့ ကြက်သွန်နီ ပွဲစားများထံမှ သိရသည်။

အဖတ်များဆုံး သတင်း