ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး Toyo Eiwa Women's College, Japan မှ Mr.Saburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေးလူငယ်များ အဖွဲ့အားတွေ့ဆုံ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ဂျပန်နိုင်ငံ၊ Toyo Eiwa Women's  College မှ Visiting Professor and Special Advisor For UNHCR ဖြစ်သူ Mr.Suburo Takizawa ဦးဆောင်သော ဂျပန်လေ့လာရေး ကျောင်းသား/ကျောင်းသူများ အဖွဲ့နှင့်  ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး စုပေါင်းခန်းမ၌ တွေ့ဆုံသည်။
ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Takizawa Saburo ဦးဆောင်သည့် ကျောင်းသူ၊ ကျောင်းသားများအဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်အောင်သည် ဂျပန်နိုင်ငံ Toyo Eiwa Women’s College (TEWC) မှ Professor Takizawa Saburo ဦးဆောင်သည့် ကျောင်းသူ၊ ကျောင်းသားများအဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-13) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု စစ်တွေမြို့တွင်းလမ်းများ အဆင့်မြှင့်တင်ထားမှုနှင့် မြို့ရေပေးရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ် ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး------
ကွန်ပျူတာတက္ကသိုလ်(မိတ္ထီလာ) ကျောင်းသား ကျောင်းသူများ၏ စိတ်ကူးဖြင့် ဖန်တီးထားသော နည်းပညာထုတ်ကုန်ပြပွဲနှင့် အလုပ်အကိုင်အခွင့်အလမ်းပြပွဲ ကျင်းပမည်
တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတင်းအချက်အလက် နည်းပညာများဖြင့် ကူညီပေးနိုင်ရန် ရည်ရွယ်၍ --------
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မော်လမြိုင်မြို့ရှိ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော ရပ်ကွက်များနှင့် မုတ္တမ သဲဖြူကုန်းတောင် မြေပြိုကျမှုအခြေအနေများအား သွားရောက်ကြည့်ရှု
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများသည် သြဂုတ် ၈ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ ရပ်ကွက်များရှိ လူနေအိမ်များ ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်၍ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ အရေးပေါ်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့ နံနက်ပိုင်းက လှည့်လည်ကြည့်ရှုခဲ့သည်။
တန်ပိုယာဉ်မောင်းနှင်မှုကြောင့် ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တည် သွားလမ်းပေါ်ရှိ တံတားတစ်စင်း ခါးကျိုးကျမှုဖြစ်ပွား
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ ဝိုင်းမော် - ဆဒုံး - ကန်ပိုက်တည်လမ်းပိုင်း၌ သြဂုတ် ၈ ရက် မွန်းလွဲပိုင်းက တန်ပိုယာဉ်တစ်စီး ဖြတ်သန်းမောင်းနှင်မှုကြောင့် တံတားအမှတ် (၆/၅၆) မှာ တံတား၏ သုံးပုံနှစ်ပုံခန့် နိမ့်ဆင်းကျိုးကျသွားခဲ့ကြောင်း  ထိန်မင်း လမ်းဖောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို အောက်တိုဘာလတွင် မြိတ်မြို့၌ ကျင်းပမည်
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ရေးကဏ္ဍတစ်ရပ်အဖြစ် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်း၍ အောက်တိုဘာလ၌ မြိတ်မြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။