ဒလမြို့နယ် အောင်ဇေယျဈေးရှေ့ရှိ စည်းကမ်းမဲ့ရောင်းချသော ဈေးသည်များနှင့် ယာဉ်ပိုင်ရှင်များကို အသိပညာပေးဖယ်ရှား 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ဗညားဒလရပ်ကွက် အောင်ဇေယျဈေးအရှေ့ရှိ ကနောင်လမ်းမကြီးပေါ်တွင် စည်းကမ်းမဲ့ရောင်းချနေသည့် ဈေးသည်များ၊ ရပ်နားထားသော မော်တော်ယာဉ်၊ ဆိုင်ကယ်၊ ဆိုက်ကားများကို ယနေ့ နံနက် ၈ နာရီက  မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန အောင်ဇေယျဈေး တာဝန်ခံအဖွဲ့နှင့် မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဖယ်ရှား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများအား ဆန်နှင့်စားရိက္ခာများ သွားရောက်ထောက်ပံ့
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး မြစ်ရေ၊ ချောင်းရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန် ရောက်ရှိနေကာ---------
ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့် စနစ် စမ်းသပ်ကျင့်သုံးမည်
ရန်ကုန်မြို့ အဆောက်အအုံများ ဆောက်လုပ်ခွင့်ကို အွန်လိုင်းမှ လျှောက်ထားနိုင်သည့်စနစ် စမ်းသပ် ကျင့်သုံးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးကျင်းပ 
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ် အစည်းအဝေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပသည်။
အုတ်တွင်းမြို့နယ်ဆေးရုံအတွင်း ရေဝင်ရောက်မှုကြောင့် လူနာများမကြာခဏရွှေ့ပြောင်းနေရ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ပြည်သူ့ဆေးရုံသည် ပဲခူးလမ်းတောင်ပိုင်း ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်း၏ ------
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်နှင့် မြင်းခြံခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ --------
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ နောင်တရားမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေး
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် အဖွဲ့ဝင်များသည် ရှမ်းပြည် နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူမှုစီးပွားဖွံ့ဖြိုးရေး လုပ်ငန်းများဆွေးနွေးသည်။