မန္တလေးမြောက်ပြင် အိုးဘိုရွှေကျင် ပတ္တမြား တောရပ်ကွက်တွင် မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော် အစဉ်အလာမပျက်ကျင်းပ

မြန်မာ့ရိုးရာ အိုးပုတ်ပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသောဝါခေါင်လဆန်း ၈ ရက်နေ့ သြဂုတ် ၈ ရက်နေ့ ညနေ့ပိုင်းက မန္တလေးမြို့ အောင်မြေသာစံမြို့နယ် မြောက်ပြင် အိုးဘိုရွှေကျင်ရပ်ပတ္တမြားတော ရပ်ကွက်အမှတ် ၅၂ တွင် စည်ကားသိုက်မြိုက်စွာ အစဉ်အလာမပျက် ကျင်းပကြောင်း တွေ့ရသည်။
ပေါင်မြို့နယ်၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန်ပျက်စီးပြီး စေတီတစ်ဆူ ထီးတော်မြေခ
မုတ္တမကျေးရွာ၊ ကျားဘိုကျေးရွာ၊ အဟောက်ကျေးရွာနှင့် ကျွဲခြံကျေးရွာတို့တွင် သြဂုတ် ၇ ရက်ညနေပိုင်းက လေဆင်နှာ မောင်းနှင့်အတူ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် လူနေအိမ် ၂၄ လုံးနှင့် သာသနိကအဆောက်အဦများ မိုးလန်ပျက်စီးခဲ့ကာ စေတီတစ်ဆူထီးတော်မြေခခဲ့ကြောင်း သိရသည်။
လွိုင်လင်မြို့၌ စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း ၊ စီမံကိန်းစတင်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုးရီယားရာသီဉတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော  စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်း ၊ စီမံကိန်းစတင်ခြင်း ၊ အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်းတွင်ပါဝင်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲကို ဩဂုတ်လ ၈ ရက် နံနက်(၉)နာရီက အထက-၁ နဝဒေးခန်းမတွင် ကျင်းပကြောင်း သိရသည်။
ကျေးရွာသုံးမြေသားရေကန်အား ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် ဘလွေကျေးရွာတွင် ကျေးရွာနေပြည်သူများ အသုံးပြုလျက်ရှိသော သောက်သုံးရေကန်အား ပြန်လည်ပြုပြင် ဆယ်ယူခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးမှ သိရသည်။
မန္တလေးဒေသကြီးတိုင်း အတွင်းရှိ ဓာတ်သတ္တုအသေးစား ထုတ်လုပ်ခြင်းနှင့် လက်လုပ်လက်စား လုပ်ငန်းများ လုပ်ကိုင်ရန် လျှောက်ထားသူ ၂၅၅ ဦးရှိ
မန္တလေးတိုင်း အတွင်းရှိ ဓာတ်သတ္တုအသေးစား ထုတ်လုပ်ခြင်း၊ လက်လုပ်လက်စား လုပ်ငန်းများ၊ လုပ်ကိုင်ရန် လျောက်ထားသူ ၂၅၅ ဦးရှိကြောင်း မန္တလေးတိုင်း သတ္တုတွင်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမိုးဆွေက ပြောသည်။
ကလိန်အောင်မြို့အတွင်း စွန့်လွှတ်မြေယာများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်ပေးအပ် ဆောင်ရွက်လျက်ရှိ
တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့အတွင်းရှိ စွန့်လွှတ်မြေယာများအား လုပ်ထုံးလုပ်နည်းနှင့်အညီ မူလပိုင်ရှင်များထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်လျက်ရှိကြောင်း လိန်အောင်မြို့  အုပ်ချုပ်ရေးမှူးထံမှ သိရသည်။
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးတွင် သက်ငယ်မုဒိမ်း ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့် နိုင်ငံတကာမိသားစု စီမံကိန်းအဖွဲ့(IPPF)တို့ ပူးပေါင်းဆောင်ရွက်သော မျိုးဆက်ပွား ကျန်းမာရေးလုပ်ငန်းများ လက်လှမ်းမီစေရေးဆိုင်ရာ စီမံချက် ဗဟိုအဆင့် အသိပေးဆွေးနွေးခြင်း အခမ်းအနားနှင့် စေတနာ့ဝန်ထမ်း သင်တန်းသို့ -----------