ဆွမ္မရာမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့တွင်းလမ်းအချို့ပျက်စီး

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ် ဆွမ္မရာမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြို့အဝင်၊ အိန္ဒိယနယ်စပ် အထွက်လမ်း၊ အထက ကျောင်းသွားလမ်း၊ ဆေးရုံးလမ်းနှင့် မြို့တွင်းလမ်းမကြီး အချို့နေရာများတွင် လမ်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
နောင်လတ်(နောက်)ကျေးရွာ၌ ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်ပွဲကျင်းပ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာရှိ ဒေသခံပြည်သူများ၏ လူမူရေး၊ ပညာရေး၊ စီးပွားရေးလုပ်ငန်းများတွင် အကျိုးပြုဆောင်ရွက်သွားနိုင်ရန်အတွက်  စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်သော ဘက်စုံသုံးကျေးရွာခန်းမဆောင်ဖွင့်ပွဲကို သြဂုတ် ၇ နံနက် ၉ နာရီက ဆီဆိုင်မြို့နယ်၊ ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်လတ်(နောက်)ကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုပင်၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းဆောင်ရွက်  
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့၌ မေတ္တာရိပ်အဖွဲ့ ဦးဆောင်၍ သြဂုတ် ၈ ရက် နံနက် ၇ နာရီက သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းကို မြသီတာ ရပ်ကွက်နှင့် မြဇေယျာရပ်ကွက်များသို့ အဖွဲ့ ၃၆ ဖွဲ့ ခွဲကာ ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည်။
ပုံတောင်ဒေသရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နှင့် ၃၅ မိုင်ကွာဝေးသော ပုံတောင်ဒေသရှိ ခင်အေးကျေးရွာအုပ်စု၊ ငါးတွင်းတောတိုက်သို့  သြဂုတ် ၇ ရက်၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဖြိုးဝေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ရောက်ရှိခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း၌ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်ကျေးရွာအုပ်စု(၂၇ )အုပ်စုတွင် စွမ်းအားမြှင့် မီးဖို(၈၇၅၀ ) လုံး အခမဲ့ဖြန့်ဝေပေးမည်
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကိုရီးယားရာသီဥတုပြောင်းလဲမှုဗဟိုဌာနတို့ ပူးပေါင်းဆောင်ရွက်သော စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း စီမံကိန်းအလုပ်ရုံ ဆွေးနွေးပွဲနှင့် --------
ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဒစ်ဂျစ်တယ်လ် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှု သင်တန်းဖွင့်လှစ်
ပြည်သူများ Facebook ကို အသုံးပြု၍ ပညာရပ်များလေ့လာတတ်စေရန်နှင့် စိတ်ပိုင်းဆိုင်ရာများ တိုးတက်ပြောင်းလဲရန် ရည်ရွယ်ကာ ဒေါ်ခင်ကြည်ဖောင်းဒေးရှင်းနှင့် Myanmar Book Aid and Preservation and Foundation – MBAPF တို့ ပူးပေါင်း၍ ဒစ်ဂျစ်တယ်လ် သတင်း အချက်အလက်ဆိုင်ရာ သိနားလည်မှုသင်တန်းဖွင့်ပွဲကို ယနေ့၊ နံနက် ၉ နာရီခွဲတွင် ပျဉ်းမနားမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအတွင်းရှိ လူထူအခြေပြုဗဟိုဌာန(Community Centre)သင်တန်းခန်းမ၌ ကျင်းပသည်။
ရေစကြိုမြို့နယ်တွင် မိုးခေါင်သဖြင့်ကျေးရွာအချို့၌ သောက်သုံးရေရှားပါးလျက်ရှိ 
ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ယခုနှစ်အတွင်းမိုးခေါင်မှုကြောင့်  ကျေးရွာအချို့တွင်  သောက်သုံးရေ ရှားပါးလျက်ရှိကြောင်း သိရသည်။