မြောင်းမြမြို့ ဘုရားချောင်းရပ်ကွက် နိဗ္ဗာန်လမ်းကို သိန်း ၂၁၀ဝ ကျော်အသုံးပြု၍ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ဘုရားချောင်းရပ်ကွက် နိဗ္ဗာန်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဩဂုတ် ၂ ရက် နံနက် ၉ နာရီက မြရွှေဝါခန်းမ၌ပြုလုပ်သည့် တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။  
ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် သြဂုတ် ၃ ရက် ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဘားအံမြို့တွင် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) နည်းပြ (ဆင့်ပွား) သင်တန်းဖွင့်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) နည်းပြ (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
စာရေးဆရာလင်္ကာရည်ကျော်၏ အိပ်မက်ဖက် အမည်ရှိ စာအုပ်သစ်မိတ်ဆက်
အတွေးနှင့် အိပ်မက်များကို တမူထူးခြားစွာ ခံစားရေးဖွဲ့ထားသည့် စာရေးဆရာ လင်္ကာရည်ကျော်(ခ) ဒေါက်တာရဲမြင့်ကျော်၏ အိပ်မက်ဖက် အမည်ရှိ စာအုပ်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများကို ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မိတ္ထီလာခရိုင်အတွင်း ရှေးဦးအရွယ်ကလေးပြုစုပျိုးထောင်ရေး၊ ဖွံဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာများ ညှိနှိုင်းဆွေးနွေး
မိတ္ထီလာခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများ၊ ပရဟိတဂေဟာများ၊ သင်တန်းကျောင်းများမှ တာဝန်ရှိသူများ၊ မိဘများ၊ ဌာနဆိုင်ရာများနှင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေး၊ ဖွံ့ဖြိုးရေးနှင့် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းဆိုင်ရာများညှိနှိုင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ အောင်မင်္ဂလာခန်းမ၌ ဆောင်ရွက်သည်။     
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ လမ်း/တံတားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်းတွင် Oriental Highway Co,. Ltd မှ BOT စနစ်ဖြင့် ဆောင်ရွက်နေသောမန္တလေး - ပြင်ဦးလွင် - လားရှိုး - မူဆယ်လမ်း (မန္တလေး - ပြင်ဦးလွင် - လားရှိုး) အပိုင်းလမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုလမ်း တစ်လျှောက်ကြည့်ရှုစစ်ဆေးပြီး ဂုတ်ထိပ်တံတား သစ်တည်ဆောက်မည့် လျာထားနေရာသို့ ရောက်ရှိသည်။