မင်းဘူးမြို့၊ အ.ထ.က(ခွဲ) မြို့မကျောင်းတွင် မှုခင်းကျဆင်းရေး အသိပညာပေးဟောပြော

ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါး သုံးစွဲမှု မရှိစေရန်နှင့် လူကုန်ကူးမှု အန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် ၂ ရပ်ကွက်၊ အ.ထ.က(ခွဲ) မြို့မကျောင်းတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကျောင်းသား/ကျောင်းသူများအား မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတွင် ဆဋ္ဌမအကြိမ်မြောက် ပဲအလှူတော် လှူဒါန်းပွဲကျင်းပ
စစ်ကိုင်းမြို့ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) ကျောင်းတွင် ပဲအလှူတော် မတည်အလှူရှင် ဦးဝင်းမြင့် (ပြည်ထောင်စုဝန်ကြီး-ငြိမ်း) + ဒေါ်မြင့်မြင့်သန်း မိသားစု၊ ရှိူင်းဟုတ်ကုမ္ပဏီ ဒေါက်တာ ဒေါ်ခင်ခင်ရီတို့နှင့်အတူ (၇)ရက်သား/သမီးများ ကောင်းမှုအများစုပေါင်း၍ IBEC ပဓာန နာယကဆရာတော် ဦးဆောင်ကာ ဆဋ္ဌအကြိမ်မြောက် ပဲအလှူတော်လှူဒါန်းပွဲ အခမ်းအနားကို သြဂုတ်(၄)ရက်၊ နံနက်(၇)နာရီက အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဲခူးဆေးရုံတွင် ခွေးရူးပြန်ကာကွယ်ဆေး လာရောက်ထိုးနှံသူ ယခင်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ကျော်ကျဆင်း
ပဲခူးမြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများသည် နယ်ပယ်အသီးသီးမှ ခွေးရူးပြန်ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူများကို စနစ်တကျ ထိုးနှံပေးလျက်ရှိရာ ယခင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၉ ခုနှစ် မေလအထိ ခွေးရူးပြန်ကာကွယ်ဆေး လာရောက်ထိုးသူလူနာနှင့်  ၂၀၁၉ ဇွန်လနှင့် ဇူလိုင်လတို့တွင် ခွေးရူးပြန်ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူလူနာ နှိုင်းယှဉ်လျှင် ထက်ဝက်ကျော် ကျဆင်းသွားကြောင်း သိရသည်။
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို မယ်စဲ့မြို့နယ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေ၊ ပြည်နယ်စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာအောင်ကျော်ဌေး၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နေ့လယ်က မယ်စဲ့မြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးသည်။
မှော်ဘီမြို့ မြောင်းတကာစက်မှုဇုန်၌ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း မြောင်းတကာစက်မှုဇုန် အဆင့်မြှင့်တင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

မြင်းကောင်ရေ(၂၀)အောက် စက်တပ်ရေယဉ်များ သတ်မှတ်စည်းကမ်းနှင့်အညီ ဖြစ်စေရေး ကွင်းဆင်းစစ်ဆေး