ဝက်လက်မြို့နယ်တွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပင်များ ပျိုးထောင်လျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူအကျိုးဖြစ်ထွန်းရေး၊ လုပ်သားရှားပါးမှုပြဿနာ ကျော်လွှားနိုင်ရေး၊ စိုက်ပျိုးသောစပါးများ အထွက်နှုန်းတိုးမြှင့်ရရှိစေရေးတို့ကို ရည်ရွယ်ကာ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးနိုင်ရေး စပါးပျိုးပင်များ ပျိုးထောင်ခြင်းလုပ်ငန်းကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၂ နာရီက ဒွန်တဲကုန်းကျေးရွာ တောင်သူ ဦးအောင်မြင့်စံလယ်၌ ပျိုးထောင်ပေးခဲ့ကြောင်း သိရသည်။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ တွေ့ဆုံပွဲကျင်းပ
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)နှင့် သင်္ကန်းကျွန်းမြို့နယ်အတွင်းရှိ ဘာသာပေါင်းစုံမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် သင်္ကန်းကျွန်းမြို့နယ် မြို့နယ်ခန်းမ၌ ကျင်းပရာ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သင်္ကန်းကျွန်းမြို့နယ် (၃၈) ရပ်ကွက်မှ  ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနှင့် ဟိန္ဒူဘာသာ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ 
ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အလုပ်ရှင်များအတွက် ဝန်ဆောင်မှုကဏ္ဍအသစ်များ မိတ်ဆက်
အလုပ်ရှင်များအတွက် ဝန်ဆောင်မှုကဏ္ဍအသစ်များမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ ကျင်းပသည်။
ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်းပွဲ ဆက်လက်ကျင်းပ
အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ ပါမောက္ခချုပ်များကော်မတီက ကျင်းပသည့် အတွေ့အကြုံ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
University Management System ပေးအပ်လှူဒါန်းခြင်းနှင့် Sakura – Insein Technical Course, Batch(7) သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
တက္ကသိုလ်များအတွက် လိုအပ်သော ကျောင်းသားရေးရာစီမံခန့်ခွဲမှုများ လျင်မြန်လွယ်ကူသက်သာစေရန်အတွက် အိုင်တီနည်းပညာဖြင့် မြန်မာနိုင်ငံ၏ ပညာရေးအဆင့်အတန်း မြင့်မားစေရန်ရည်ရွယ်၍ Blue Ocean Investment Limited က ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ပေးအပ်လှူဒါန်းသည့် University Management System ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်ပညာရေး တက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှုကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာဖြစ်ပွားမှု ပိုမိုများပြားလာ
ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုနှင့် ကွမ်းယာစားသုံးမှုသည် လူငယ်များအတွင်း ဆိုးရွားစွာ ပျံ့နှံ့နေပြီဖြစ်ကြောင်းနှင့် -----------