ဒုတိယဝန်ကြီး ဦးလှကျော် စစ်ကိုင်းတိုင်းဒေသကြီး၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးကွင်းဆင်းဆောင်ရွက်
လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုတိုးတက်လာစေရန် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်းအားအရင်းအမြစ် စသည့် ကဏ္ဍ ၃ ခု ဟန်ချက်ညီညီ ကြိုးပမ်းကြမှသာ တောင်သူအကျိုးစီးပွားမှတစ်ဆင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရေးကို ထိရောက်စွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုင်နိုင် စိုက်ပျိုးရေးနည်းပညာစင်တာ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံစဉ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။






