ပြည်သူ့လွှတ်တော်သို့ လာရောက်လေ့လာကြည့်ရှု
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေးဆဋ္ဌမနေ့တွင်
ရေကြည်မြို့နယ်တွင် စွန့်လွှတ်မြေများကို မြေယာမဲ့တောင်သူများအတွက် ချထားပေးရန် ဆန္ဒဖော်ထုတ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် ဒုတိယအကြိမ် စွန့်လွှတ်မြေဧက ၁၃၀ဝ ကို မြေယာမဲ့တောင်သူများအတွက် ချထားပေးရန် ဆန္ဒဖော်ထုတ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများအတွက် ရေဒီယိုအလုံး (၆၇၈၈၀)ကျော် ပေးအပ်လှူဒါန်း
ပြန်ကြားရေးဝန်ကြီးဌာနက ရခိုင်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများမှ ပြည်သူများအတွက် လှူဒါန်းသော ရေဒီယိုများအား
ကျန်းမာရေးအတွက် သတင်းအချက်အလက် လုပ်ငန်းအစပျိုး ဆောင်ရွက်မှု တွေ့ရှိချက်များနှင့် သေဆုံးမှုဆိုင်ရာ စာရင်းအင်းများ ဖြန့်ဝေခြင်းအလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည့် ကျန်းမာရေးအတွက် သတင်းအချက်အလက် လုပ်ငန်းအစပျိုးဆောင်ရွက်မှု တွေ့ရှိချက်များနှင့် သေဆုံးမှုဆိုင်ရာ စာရင်းအင်းများ ဖြန့်ဝေခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ မသန်စွမ်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရေး အိမ်အခြေပြု မှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖော်ဆောင်ရန် အိမ်အခြေပြု မှိုစိုက်ပျိုးရေးစီမံချက် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ကြသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. Kristian Schmidt အား