ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် (၂၂)ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးအဆင့် အစည်းအဝေးသို့တက်ရောက်

အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၌ ဇန်နဝါရီ ၂၁ ရက်တွင် ကျင်းပသည့် (၂၂) ကြိမ်မြောက် ........
သားဖွားသင်တန်းကျောင်း နေပြည်တော်၏ ဒုတိယအကြိမ် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကျင်းပ
သားဖွားသင်တန်းကျောင်း နေပြည်တော်၏ ဒုတိယအကြိမ် သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် Lotte Confectionary နှင့် L & M Mayson Co., Ltd မှ  ကိုယ်စားလှယ်အဖွဲ့တို့အား တွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် ကိုရီးယားနိုင်ငံ Lotte Confectionary မှ Chairman ဖြစ်သူ Mr. Noh Mang Ko နှင့် L & M Mayson Co.,Ltd မှ မန်နေဂျင်းဒါရိုက်တာ ဦးတင့်ကျော် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့အား ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်း Myanmar Centre for Responsible Business – MCRB မှ Ms. Margaret Wachenfeld နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဝင်းသည် Myanmar Centre for Responsible Business – MCRB မှ Ms. Margaret Wachenfeld နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-9) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဂျပန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး H.E. Mr. Ichiro Maruyama အားယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။ 
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျိုက်မရောမြို့တွင် ကျင်းပ
၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်တွင် ကျရောက်မည့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် အလယ်တန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းက ကျိုက်မရောမြို့ရှိ လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် China Eastern Airline မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး
မန္တလေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်များ ပိုမိုလွယ်ကူချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရန် ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန မန္တလေးရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုနှင့် တာဝန်ရှိသူများသည် China Eastern Airline မှ GM ဖြစ်သူ Ms. Lijing နှင့် မန္တလေးတိုင်းဒေသကြီး Information Counter တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။