သောင်တင်နေသော ပင်လယ်လိပ်တစ်ကောင်အား စစ်တောင်းမြစ်အတွင်း ပြန်လည်လွှတ်ပေး

ဇန်နဝါရီ ၇ ရက် ညနေပိုင်းတွင် ပဲခူးခရိုင် ကဝမြို့နယ် ရွှေတဆုပ်ရွာသစ် အရှေ့ဘက်သောင်၌ သောင်တင်နေသော ပင်လယ်လိပ်တစ်ကောင်အား ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်မြင့် ဦးဆောင်သောအဖွဲ့များက ရွှေတဆုပ်ရွာသစ်ကျေးရွာ အရှေ့ဘက် စစ်တောင်မြစ်အတွင်းသို့ ပြန်လည်လွတ်ပေးခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်အတွင်း ကဏ္ဍအလိုက်တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ဂုဏ်ပြု လက်မှတ်ပေးအပ်

လွိုင်ကော် ၈ ဇန်နဝါရီ

ဥတ္တရခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တင်ဒါဖွင့်ဖောက်စစ်ဆေး
လုပ်ငန်းတင်ဒါနည်းပညာအဆိုပြုလွှာများနှင့် ပစ္စည်းတင်ဒါအဆိုပြုလွှာများကို ဖွင့်ဖောက် စစ်ဆေခဲ့ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်အညီ အမှတ်ပေးရွေးချယ်ခဲ့ကြသည်။
ဘင်ခရာတပ်ဖွဲ့ဝင်ကျောင်းသား ကျောင်းသူ ဟောင်းများမှ ဘင်ခရာတီးဝိုင်းပစ္စည်းတစ်စုံ လွှဲပြောင်းပေးအပ်
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းခန်းမတွင် ယနေ့ နံနက် ၁ဝ နာရီက အဆိုပါကျောင်း၏ ဘင်ခရာ တပ်ဖွဲ့ဝင်ဟောင်းများမှ စုပေါင်းလှူဒါန်းသည့် ဘင်ခရာတီးဝိုင်း ပစ္စည်းတစ်စုံ လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
(၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ
ကရင်ပြည်နယ် မြဝတီခရိုင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မူကြိုအဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူလွတ်လပ်ရေးပွဲတော် အချိန်အခါမဟုတ်မိုးကြောင့် ဆိုင်ခန်းခ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူထားသူများအတွက် အခက်အခဲများဖြစ်ပေါ်
ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် ရွာသွန်းခဲ့သည့် မိုးကြောင့် တောင်ငူမြို့ မိုင်ဒါကွင်းအတွင်း ကျင်းပပြုလုပ်လျက်ရှိသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပွဲတော်ကြီးတွင် ဆိုင်ခန်းခများ ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူထားကြသည့် ၁၂ ပွဲ ဈေးသည်များ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။
ဓနုဖြူမြို့နယ်၊ ယကွင်းဆက်ကျေးရွာ၌ "ကျေးရွာစွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုစနစ်"ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်
ဓနုဖြူမြို့နယ်၊ ကုန်းတန်းမြောက်ကျေးရွာအုပ်စု ယကွင်းဆက် ကျေးရွာတွင် "ကျေးရွာစွန့်ပစ်အမှိုက်  စီမံခန့်ခွဲမှုစနစ်" ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအား  ဇန်နဝါရီ ၇ ရက်  နံနက် ၉ နာရီက ကျင်းပခဲ့သည်။