ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ဆက်ရုံးများကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့တွင် ပြည်မြို့ရှိ ရုပ်သံထပ်ဆင့်လွှင့်စက်ရုံ၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံး/စာကြည့်တိုက်များကို လှည့်လည် ကြည့်ရှုစစ်ဆေးသည်။






