လဲချားမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေးလုပ်ငန်းအတွက် ဓာတ်မြေသြဇာနှင့် ပဲပုတ်မျိုးစေ့ပေးအပ်
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်းရှိ ပန်တန်၊ ဖာလံ၊ ဝမ်ယိမ်း ကျေးရွာတို့တွင် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ကျင်းပပြုလုပ်သော ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းအတွက် ဓာတ်မြေသြဇာနှင့် ပဲပုတ်မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို ကျေးရွာများ၌ ကျင်းပပြုလုပ်ခဲ့သည်။