ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံ

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် KG တန်းမှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်နှံရေး သီတင်းပတ်ဖြစ်သည့် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန် ၃ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ် မကြီးစမ်းကျေးရွာရှိ ပြည်သူများထံ သောက်သုံးရေဂါလန် (၈၀၀၀) လှူဒါန်း
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မကြီးစမ်းကျေးရွာရှိ ပြည်သူများထံ ယနေ့ နံနက် ၉ နာရီက သောက်သုံးရေဂါလန် (၈၀၀၀)အား ကျေးရွာအရောက် သွားရောက်ပြီး ဖြန့်ဝေလှူဒါန်းသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံ
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများ ပညာသင်ကြားနိုင်ရေး အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် ၈ နာရီမှ စတင်၍ ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်လျက်ရှိသည်။
ကျွန်းလှမြို့နယ်၌ ‌အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်စတင်လက်ခံ
ပညာရေးဝန်ကြီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈ နာရီက ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်သူများအား ကျောင်းအပ်စတင် လက်ခံပေးလျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

၂၃-၅-၂၀၂၄

သဲကုန်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်
၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံး အတိုင်းအတာအရ ၂၀၂၄ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိ ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက် ၈ နာရီမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။
မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း (၁၅၉)ကျောင်း၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် “၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။