နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပ

နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးနှင့် နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ကွန်ပျူတာတက္ကသိုလ်(သထုံ)၌ သက်သာသောဈေးနှုန်းဖြင့် အခြေခံစားသောက်ကုန်များ ရောင်းချ
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်(သထုံ)တွင် ပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ဆန်၊ ဆီ၊ အသားငါး၊ ဟင်းသီးဟင်းရွက် စသည့် အခြေခံစားသောက်ကုန်များကို .................
ပုပ္ပားတောင်ကလပ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်သံဃနာယကအဖွဲ့က ဦးစီး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပုပ္ပားတောင်ကလပ် ဘဏ္ဍာထိန်းဂေါပကအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် .................
မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်တို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။
တက္ကသိုလ်ပါမောက္ခချုပ်များ၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်မင်္ဂလာ ဆုတောင်းစကားများ

ရေနံချောင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့မှ ဝန်ထမ်းများအား အသားနှင့် စားအုန်းဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချ
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ရေနံချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်ကာ ရေနံချောင်းတက္ကသိုလ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)တို့မှ ဝန်ထမ်းများအား အသားနှင့် စာအုန်းဆီများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါကျောင်းများသို့ သွားရောက်၍ ကြက်သား၊ ဝက်သား၊ ဆိတ်သား၊ အမဲသားနှင့် စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ဘာသာပေါင်းစုံမှ ၂၀၂၄ ခုနှစ်အတွက် နှစ်သစ်မင်္ဂလာ မေတ္တာပို့ဆုတောင်းစကားသံများ