ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ ရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုနှင့်အတူ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်း၍ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာ သွားရောက်ရောင်းချပေးခဲ့သည်။
ညောင်ဦးမြို့ စူဠာမဏိဘုရား ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ စူဠာမဏိဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၁ ရက်မှ စတင်ကာ ပထမအကြိမ်အဖြစ် ကျင်းပသည်။
စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်နယ်ပယ်မှ ထင်ရှားကျော်ကြားသူများ၏ ၂၀၂၄ ခုနှစ် နှစ်သစ်မင်္ဂလာ ဆုတောင်းစကားများ
ယနေ့ တိုင်းပြည်မှာ ပြည်သူတွေ တောင့်တလိုလားနေတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သာသာယာယာ တည်တည်ငြိမ်ငြိမ် လိုချင်ကြတဲ့ ဆုတစ်ခုရှိပါတယ်။
အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၄) သင်တန်းဖွင့်ပွဲ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပ
အခြေခံပညာ ဆရာ၊ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၄) သင်တန်းဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဆံတော်ရှင် ဆူးလေစေတီတော်၌ ဥပ္ပါတသန္တိသုတ်ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ
ဆံတော်ရှင် ဆူးလေစေတီတော်၌ ဥပ္ပါတသန္တိသုတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ၂-၁-၂၀၂၄ ရက် ၀၄၀၀ တွင် ပြည်သူ့ရင်ပြင်၌ အစမ်းလေ့ကျင့်ခြင်းနှင့် ၄-၁-၂၀၂၄   ရက်  ၀၄၀၀ တွင်    ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနား ကျင်းပစဉ်အတွင်း ပြည်လမ်းကို ခေတ္တပိတ်ထားမည်

 

(၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်နှင့်  နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား အစမ်းလေ့ကျင့်မည့်  ၂.၁.၂၀၂၄  ရက်နေ့နှင့်  အခမ်းအနားကျင်းပပြုလုပ်မည့်  ၄.၁.၂၀၂၄ ရက်နေ့တို့တွင် ခေတ္တလမ်းပိတ်/လမ်းလွှဲ    ဆောင်ရွက်သွားမည်