သာယာဝတီဗဟိုအကျဉ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့် အကျဉ်းသားတစ်ဦးအား လွှတ်ပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူများက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့် အကျဉ်းသားတစ်ဦးကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက သာယာဝတီဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွှတ်ပေးခဲ့ကြောင်းသိရသည်။







