ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် မြို့နယ် အတွင်း ရောဂါပိုးပျံ့နှံ့မှု လျော့နည်းကျဆင်းစေရေးအတွက် ဖျားနာ၊ အနံ့ပျောက် လူနာများအား ကုသပေးနိုင်ရန် Fever Clinic ဆေးခန်းကို ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) အထွေထွေရောဂါကု ဆေးရုံကြီး ပြင်ပလူနာဌာန ဆေးကုသဆောင်အနီး၌ ဖွင့်လှစ်ကုသပေးလျက်ရှိကြောင်း ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင်(သန်လျင်) အထွေအထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီးထံမှ သိရသည်။