ပင်လောင်းမြို့နယ် ရေရှည်တည်တံ့သော အစားထိုးဖွံ့ဖြိုးရေးစီမံကိန်းကျေးရွာများသို့ ပြောင်းခြွေစက်နှင့် အင်ဂျင်စက် ပေးအပ်
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံကိန်းဆောင်ရွက်နေသည့် ပေါ့အင်ကျေးရွာအုပ်စုနှင့် လွယ်မောကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ရှစ်ရွာအတွက် ပြောင်းခြွေစက် ရှစ်လုံးနှင့် အင်ဂျင်စက် ရှစ်လုံးကို ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပေါ့အင်ကျေးရွာအုပ်စု၊ ဆောင်းပေါင်ကျေးရွာတွင် ထောက်ပံ့ပေးအပ်သည်။







