မော်ချီးဒေသ လိုခါးလိုကျေးရွာနှင့် ညောင်ပင်စခန်းသွားလမ်းပေါ်ရှိ (၂)လွှာ(၁)ထပ် ဘေလီတံတား ပေ  (၅၀) (၁)စင်းနှင့် ချဉ်းကပ်လမ်း တည်ဆောက်မည်

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအတွက် အခြေခံအကျဆုံးကဏ္ဍတစ်ခုဖြစ်သည့် လမ်း/တံတား ဆက်သွယ်ရေး အထူးကောင်းမွန်စေရေးကို အဓိကထားဆောင်ရွက်ပေးလျက်ရှိရာ  ကယားပြည်နယ် ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေ ကျပ် ၁၃၈ ဒဿမ ဝ၉၃ သန်းဖြင့် မော်ချီးဒေသ လိုခါးလိုကျေးရွာနှင့် ညောင်ပင်စခန်းသွားလမ်းပေါ်ရှိ (၂)လွှာ(၁)ထပ် အရှည်(၅၀)ပေရှိ ဘေလီတံတား (၁)စင်းနှင့် ချဉ်းကပ်လမ်း တည်ဆောက်ခြင်းအတွက် (မြေဖြတ်ထုတ်ခြင်း၊ ကျောက်တောင်မိုင်းခွဲခြင်း) လုပ်ငန်းများအား စတင်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရှိရ
ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ ကျေးရွာခုနှစ်ရွာတွင် အဝီစီစက်ရေတွင်းတူးဖော်နိုင်ရေး GP Survey တိုင်းတာခြင်းများ ဆောင်ရွက်

ကျောက်ဆည်မြို့နယ်တွင် Facility Quarantine လူဦးရေ (၁၁၈)ဦးရှိလာသည့်အတွက် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းရှိ အဆောင်တစ်ဆောင်အား ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိ

ကျိုက်မရော မြို့နယ်၌ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေး ငွေ ကျပ် ၁၁၃၅ သိန်းထုတ်ချေးပေးမည်
မော်လမြိုင်ခရိုင်၊ ကျိုက်မရော မြို့နယ်အတွင်း ၂၀၂၀- ၂၀၂၁ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် တောင်သူများ စပါးနှင့် ဆောင်းသီးနှံပဲမျိုးစုံ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးစရိတ် ချေးငွေများကို နိုဝင်ဘာလမှစ၍ မြန့်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရ
ပင်းတယမြို့နယ် စည်ပင်သာယာရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် ငွေလုံးငွေရင်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး
ရှမ်းပြည် (တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်တွင် ဆောင်ရွက်သည့် ငွေလုံးငွေရင်း လုပ်ငန်းများအား နိုဝင်ဘာလ ဒုတိယပတ်တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရ
ဇလွန်မြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ကျေးရွာ (၂၇) ရွာနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာ (၂) ရွာတို့ကို ရွေးချယ်

တမူးခရိုင် မြို့သစ်မြို့ စေတီကျေးရွာ၌ တောင်သူနည်းပညာပြန့်ပွားရေး (Knowledge Centre) ပြင်ဆင်ဆောင်ရွက်လျက်ရှိ