မသန်စွမ်းသူများအတွက် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP) အရ ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲ Online စနစ်ဖြင့် ကျင်းပ

မသန်စွမ်းသူများအတွက် CERP အရ ငွေကြေးထောက်ပံ့ခြင်းဆွေးနွေးပွဲကို Online စနစ်ဖြင့် ယနေ့မွန်းလွဲ ၁ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ဇေယျာသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တွင် ငါးသားပေါက်များ ထောက်ပံ့
ကိုဗစ်-၁၉ ကပ်ရောဂါ စီးပွားရေးကုစားမှု CERP အစီအစဉ်အရ ငါးမွေးမြူရေးလုပ်ငန်းများ ပြန်လည်ထူထောင်နိုင်ရန်အတွက် ရေဆင်းငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ
ကန်စွန်းစိုက်ခင်းများ စီးပွားဖြစ်စိုက်ပျိုးကာ ရောင်းချ၊ ရောင်းအားကောင်း
မန္တလေးမြို့အနီး အမရပူရမြို့နယ် သရက်တန်းရွာ ဓနုံးကျေးရွာနှင့် အခြားကျေးရွာများတွင် ထိုင်ဝမ်ကန်စွန်းများကို စီးပွားဖြစ်စိုက်ပျိုးရောင်းချလျက်ရှိရာ တစ်နှစ်ပတ်လုံး ပုံမှန်ဈေးကွက်ရှိသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
တစ်နှစ်ပတ်လုံး ပုံမှန်ဝင်ငွေဖော်ဆောင်ပေးနေသော ယိုစုံလုပ်ငန်း 
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ရွာဟောင်းကုန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင် အိမ်တွင်းမှု ယိုစုံလုပ်ငန်းဖြင့် ပုံမှန်ဝင်ငွေရရှိစေရန် ဖော်ဆောင်လျက်ရာ ရောင်းအားကောင်းသည့်အတွက် အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများ ကြက်ခြေနီအသင်းများဆောင်ရွက်
စက်တင်ဘာ ၁၂ ရက်တွင် ကျရောက်သော ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ သွေးလှူဒါန်းခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်းတို့ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ ကြက်ခြေနီအသင်းခွဲရုံးများတွင် ပြုလုပ်ကြသည်။
လေ့လာစရာ မြန်မာ့ရွှေချည်ထိုး လက်မှုအနုပညာလုပ်ငန်း
မြန်မာမှုလက်ရာများတွင် နိုင်ငံခြားသားများ နှစ်သက်သောပစ္စည်းတစ်ခုမှာ ရွှေချည်ထိုး ပန်းချီကားများပင် ဖြစ်သည်။ ရွှေချည်ထိုးလုပ်ငန်းတွင် နှစ်မျိုးနှစ်စားရှိသည်။ ပြည်ပဈေးကွက်ကို အဓိကထားသည့် ရွှေချည်ထိုးပန်းချီကားလုပ်ငန်းနှင့် ပြည်တွင်းအလှူပွဲများ ရှင်လောင်းလှည့်ရာတွင် အသုံးပြုသည့် မောင်ရင်လောင်းနားဖောက်သည်သုံး မာတိကာတန်ဆာ ရွှေချည်ထိုးလုပ်ငန်းပင်ဖြစ်သည်။
Quarantine Center ယာယီ အဆောက်အဦ (၄)လုံးအတွက် လျှပ်စစ်ဓာတ်အား​ပေးနိုင်​ရေး ဆောင်ရွက်နေ
ရန်ကုန်တိုင်း​ဒေသကြီး သုဝဏ္ဏ​ ဘောလုံးအားကစားကွင်း​နေရာ၌ အ​ရေး​ပေါ် Quarantine Center ယာယီ အဆောက်အဦ (၄)လုံးအတွက် လျှပ်စစ်ဓာတ်အား​ပေးနိုင်​ရေး ယနေ့​ဆောင်ရွက်​လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ သိရသည်။