နည်းပညာအနိမ့်၊ အလယ်အလတ်နှင့် အဆင့်မြင့်နည်းပညာများ အသုံးပြု၍ စိုက်ပျိုးရေးသုတေသနများ ဆောင်ရွက်လျက်ရှိ
စိုက်ပျိုးဆိုင်ရာ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာ၌ မတူကွဲပြားသော ရေ၊ မြေ၊ ရာသီဥတု အခြေအနေအသီးသီးတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် တောင်သူ လယ်သမားများနှင့် စိုက်ပျိုးထုတ်လုပ်သူများ၏ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများကို လိုက်ပါဆောင်ရွက်မှုသည် အရေးကြီးသည်ဖြစ်ရာ စိုက်ပျိုးရေးသုတေသန ပညာရှင်များအနေဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် ခေတ်မီစိုက်ပျိုးနည်းပညာများကို တောင်သူများ လက်ခံကျင့်သုံး နိုင်ရေးအတွက် ရှေ့ပြေးသုတေသနများ ဆောင်ရွက်လျက်ရှိ







