ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်သို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ သွားရောက်ကြည့်ရှုစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့သည် တိုင်းဒေသကြီး COVID-19 ရောဂါ မဖြစ်ပွားစေရေးနှင့် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအား အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ ရေနံ့သာလမ်းဆုံတွင် ဖွင့်လှစ်ထားရှိသည့် လုံခြုံရေးနှင့် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ဥပဒေအထောက်အကူပေးရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေစာအုပ်များ ပေးအပ်

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများ စတင်ခြင်းအခမ်းအနား တက်ရောက်
တရုတ်-မြန်မာ ပူးတွဲသုတေသနစီမံကိန်းများ စတင်ခြင်းအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ