ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွက် UNICEF က ထောက်ပံ့ကူညီသည့် ပစ္စည်းများတင်ဆောင်လာသော အထူးကုန်တင်လေယာဉ်ရောက်ရှိ

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အတွက် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ထောက်ပံ့ကူညီသည့် အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည်။
မိုင်းဆတ်မြို့နယ်၌ ဆုံဆို့နာကာကွယ်ဆေး ထိုးနှံတိုက်ကျွေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဆုံဆို့နာရောဂါ ကပ်ရောဂါအသွင်ဖြစ်ပွားနေခြင်းကြောင့် ဆုံဆို့နာ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ကျဒယ်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထိုးနှံပေးခဲ့ကြောင်း သိရ
ပန်းတဉ်းအထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂၀၀ ကျပ်တန် ရောင်းချပေးမည်
မြန်မာ့ယဉ်ကျေးမှု သုခုမ အနုပညာရပ်များကို မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့်ဆက် သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင် အပါအဝင် ဖြစ်သော
မိတ္ထီလာမြို့ သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါအခြေအနေ များကြောင့် ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်ခြင်းမရှိ
နှစ်စဉ် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သော  မိတ္ထီလာမြို သမိုင်းဝင်ဖောင်တော်ဦးစေတီ ဗုဒ္ဓပူဇနိယပွဲတော်အား ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေများကြောင့် ယခုနှစ်တွင် ကျင်းပပြုလုပ်နိုင်ခြင်း မရှိဘဲ ရိုးရာ အစဉ်အလာအတိုင်း စေတီတော်အား အနေကဇာတင် မင်္ဂလာ ပူဇော်ပူခြင်း၊ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့်  လှေဦးတိုက်ပူဇော်ခြင်းတို့သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ဥက္ကဋ္ဌထံမှ သိရ
ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ရထားလိုင်းများကို ပုံမှန်ပြေးဆွဲပေးလျက်ရှိ
ရန်ကုန်မြို့မှ နေ့စဉ်ပြေးဆွဲနေသော ရထားခရီးစဉ်များကို ကိုဗစ်-၁၉ ကာလ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ရောဂါလက္ခဏာမပြဘဲ ကူးစက်များရှိမည်ဟု ခန့်မှန်းထားသောကြောင့်COVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရက တိုက်တွန်း
မန္တလးတိုင်းဒေသကြီးအတွင်း  ရခိုင်ပြည်နယ်နှင့် ရောဂါကူးစက်မှုများပြားသည့် ဒေသများမှ လာရောက်သူများမှ တစ်ဆင့် ရောဂါလက္ခဏာမပြဘဲ ကူးစက်များရှိမည်ဟု ခန့်မှန်းထားသောကြောင့် COVID-19 ရောဂါ ကာကွယ်ရေး အတွက်