မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျိုက်မရောမြို့ ခုနစ်ခွေတောင်လမ်းပိုင်းတွင် မြေပြိုမှုဖြစ်ပွား

ကျိုက်မ​ရောမြို့နယ်တွင် သြဂုတ် ၂၂ ရက်​နေ့က မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး ​တောင်ကျ​ရေများ စီးဆင်းခဲ့သဖြင့် ကျိုက်မ​ရော-မုဒုံသွား ကားလမ်းမ​ပေါ်ရှိ ခုနှစ်​ခွေ​တောင် လမ်းပိုင်း၌ ယ​နေ့ ည​နေ ၃နာရီက ​တောင်​ပေါ်ရှိ ​မြေသားများပြိုကျလျက်ရှိ​နေ​ကြောင်း သိရသည်။
စစ်တွေမြို့၌ ညမထွက်ရ အမိန့်ထုတ်ပြန်
ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုများ ပိုမိုများပြားလာ၍  ရခိုင်ပြည်နယ် စစ်တွေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက  အမိန့်အမှတ် (၁/၂၀၂၀) ဖြင့် ညမထွက်ရအမိန့်ကို ဩဂုတ် ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပြည်သူများသို့ အသိပေးချက်

၂၂ ဩဂုတ်

COVID-19  ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးအထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်း
COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှု ပိုမိုများပြားလာသည့် ရခိုင်ပြည်နယ်အတွင်း ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တပ်မတော်က ဆေးအထောက်အကူပစ္စည်းများ ပေးပို့လှူဒါန်း ခဲ့ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
MPT Myanmar National League 2020 ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်
MPT Myanmar National League 2020 ပွဲစဉ် (၁၀)၊ ပွဲစဉ်များအနက် Ayeyawady United FC အသင်း နှင့်  Rakhine United FC အသင်း တို့သည် ဩဂုတ် ၂၃ ရက် ညနေ ၃ နာရီ ခွဲ မှစတင်၍ ရန်ကုန်ရှိ Y.U.S.C ကွင်းတွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ကျောင်းသုံးစာအုပ်များ ရိုက်နှိပ်ဖြန့်ချိမှုနှင့် ပတ်သက်၍ ပုဂ္ဂလိကပုံနှိပ်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန်အချက်များ တွေ့ဆုံရှင်းလင်း
၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် ကျောင်းသုံးစာအုပ်များကို  ပုဂ္ဂလိကလုပ်ငန်းရှင်များအား အပ်နှံ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ အသိပေးရှင်းလင်းခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမကြီး၌ ပြုလုပ်သည်။