MNL ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်း နိုင်ပွဲရ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၀) ပထမနေ့ကို ယနေ့ညနေပိုင်းက ပြန်လည်ကျင်းပရာ ရှမ်း ယူနိုက်တက်နှင့် ရန်ကုန်အသင်း နိုင်ပွဲရရှိခဲ့သည်။ MNL ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် ငါးလကြာရပ်နားပြီးမှ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ပြီး လက်ကျန်ပွဲအားလုံးတွင် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုသည့် လက်ခုပ်တီးဂုဏ်ပြုအစီအစဉ်ကို ပွဲမစမီပြုလုပ်သွားမည်ဖြစ်သည်။
မိုးညှင်းစိုက်ပျိုးရေးသုတေသနခြံတွင် ကိုရီးယား-မြန်မာ အရည်အသွေး စပါးမျိုးသစ်လိုင်း(၂)လိုင်း၏ စားသုံးမှု အရည်အသွေးကို တောင်သူများလေ့လာ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းစိုက်ပျိူးရေးသုတေသနခြံတွင် ယနေ့ နံနက် ၉ နာရီက ဒေသခံ တောင်သူများက ကိုရီးယား-မြန်မာ အရည်အသွေးစပါးမျိုးသစ်လိုင်း(၂)လိုင်း၏ ဆန်အရည်အသွေးနှင့် စားသုံးမှု အရည်အသွေးကို တောင်သူများက ပူးပေါင်းပါဝင်လေ့လာအကဲဖြတ်ခြင်း သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။
ဒီးမော့ဆိုမြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ်မည့် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်
ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် COVID-19 စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် တောင်သူ (၅၄၈)ဦးက မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက(၇၈၀) စိုက်ပျိုးဆောင်ရွက်လျက်ရှိပြီး မိုးစပါး မျိုးစေ့များ အောင်မြင်စွာ ထုတ်လုပ်နိုင်ရန်အတွက် တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို
စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင် အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသော တိုက်ပွဲရှောင် မိသားစုများအား ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာန အစည်းအဝေး ခန်းမတွင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ နေပြည်တော်အတွင်းရှိ ထိခိုက်လွယ်အုပ်စုများအား ငွေကြေးအကူအညီများပေးအပ်
နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိ ထိခိုက်လွယ်အုပ်စုများတွင် အကျုံးဝင်သည့် အသက်(၈၀)နှင့်အထက်၊ အသက်(၈၅)နှစ်အောက် ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ငွေကြေးအကူအညီ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်သည်။