ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ပုသိမ်တံတား ခံနိုင်ဝန်(Load Test) စမ်းသပ်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးဝင်းဌေးတို့သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ် တံတား တည်ဆောက်ပြီးစီး၍ (Load Test) တံတားခံနိုင်ဝန် စမ်းသပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။






