စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် အတွက် ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်အထိ ရပ်ကွက်နှင့် ကျေးရွာများတွင် စာရင်းကောက်ယူခဲ့ရာ ကာကွယ်ဆေးထိုးနှံမည့် အမျိုးသမီးငယ် တစ်ထောင်ကျော်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။