ပြည်ပနိုင်ငံများ၌  အခက်အခဲကြုံတွေ့နေရသည့်  မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
ယူအေအီးနိုင်ငံ ဘာရိန်းနိုင်ငံ ပင်လယ်ကွေ့နိုင်ငံများနှင့် ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံနေရသော မြန်မာ နိုင်ငံ သားများအား မြန်မာသံရုံး၊ ရီယာဒ်မြို့၏ စတုတ္ထမြောက် ကယ်ဆယ်ရေးလေယာဉ်၊ မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် ခေါ်ဆောင်ခဲ့ရာ
မောင်တောမြို့နယ် အငူမော်-မောင်တောသွား ကားလမ်းပေါ်၌ မော်တော်ယာဉ် ၁ စီးအား AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ငယ်များဖြင့် ပစ်ခတ်
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြင်းလွတ်ကျေးရွာအနီးရှိ အငူမော်-မောင်တောသွား ကားလမ်းပေါ်၌ မော်တော် ယာဉ် ၁ စီးအား AA အကြမ်းဖက်သောင်းကျန်းသူများက ဩဂုတ် ၆ ရက်က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်း (၇)ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာပေးမည်
အောင်မြေသာစံမြို့နယ်တွင်  ၂၀၂၀ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက်မဲဆန္ဒရှင်များ စာရင်းကို သတ်မှတ် ပုံစံအတိုင်း (၁၄)ရက်ကြာ ကပ်ထားကြေညာခဲ့ရာ မဲဆန္ဒရှင်များ စာရင်းကို ပိုမိုပြည့်စုံ မှန်ကန်စေရန်နှင့် မဲဆန္ဒရှင် များမှ လိုအပ်သည့် တောင်းဆိုမှု၊ ကန့်ကွက်မှု၊ ပြင်ဆင်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုရရှိစေရန် ရည်ရွယ်၍ ဩဂုတ် ၈ ရက်မှ ၁၄ ရက်အထိ  (၇)ရက် ထပ်မံတိုးမြှင့် ကပ်ထားကြေညာပေးမည်ဖြစ်ကြောင်း  အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု (၅)ရက်နေ့စာရင်းဇယားချုပ်အရ (4183) ဦးတင်သွင်းပြီးဟုဆို

နေပြည်တော် ၇ ဩဂုတ်