နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
နိုင်ငံတော်အရန်ရိက္ခာများ ဝယ်ယူစုဆောင်းရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်လုပ်ငန်းရှင်များအကြား Video Conferencing ဖြင့် ကျင်းပသည်။