စိုက်ပျိုးရေးရာမေးမြန်းပါ ၊ စိုက်ပျိုးရေး ကောစင်တာ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မူဝါဒများနှင့် လုပ်ငန်းစဉ်များကို ခိုင်ခိုင်မာမာရေးဆွဲချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ သကဲ့သို့ တောင်သူပညာပေးလုပ်ငန်းများကို  “ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (One Stop Service)အသွင်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာန Call Center ကို ၂၀၁၇ ခုနှစ် မတ် ၁ ရက်တွင် နေပြည်တော်၌ ဖွင့်လှစ်ပေးခဲ့သည်။
ရန်ကုန်မြို့ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ ကိုဗစ်-၁၉ ရောဂါကာလတွင် ဆက်လက်ပိတ်ထားမည်
ရန်ကုန်မြို့ သာကေတမြို့နယ် ပဲခူးမြစ်နှင့်သံလျင်တံတားအနီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကို မတ်လမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ယာယီပိတ်ခဲ့ရာ ဖွင့်လှစ်ရန် ခွင့်ပြုချိန်တွင် အများပြည် သူအားဝန်ဆောင်မှုပေးနိုင်ရန် ပြင်ဆင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက် လျက်ရှိပြီး ကိုဗစ်-၁၉ ကာလ၌ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ပန်ဆောင်မြို့၌  စည်ပင်သာယာရေးရန်ပုံငွေဖြင့်  ရေနုတ်မြောင်းတူးဖော် ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့ အထက်ရပ်ကွက်၊ လီဒိုလမ်းမပါ် စျေးတန်းတစ်လျှောက်အတွင်း မိုးရာသီကာလတွင် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ တူဖော်ပြုပြင်ခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းမှစ၍ ပန်ဆောင်မြို့အထက်ရပ်ကွက်၌ ပြုလုပ်ခဲ့ကြသည်။
ဒေသခံတောင်သူများ မိုးစပါးသီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ခင်းများအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေရေးအတွက် ရေလက်တံမြောင်းများ တူးဖော်ပြုပြင်ဆောင်ရွက်
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေဖြန့်ဝေပေးသော တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ ဒေသခံတောင်သူများ မိုးစပါးသီးနှံ အဆင်ပြေစွာစိုက်ပျိုးနိုင်ရန်နှင့် မိုးရာသီကာလ သီးနှံစိုက်ခင်းများအတွင်း ရေကြီးရေလျှံမှုများ ကင်းဝေးစေရေးအတွက်
ကျောက်ပန်းတောင်းမြို့နယ် အရိပ်ရသစ်ပင်မျိုးစုံ ပျိုးပင်ပေါက်ရောင်းချသူများ ပျိုးပင်ပေါက် ပြတ်သည်အထိ ရောင်းချနေရ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် အင်ချောင်းကျေးရွာ၊ ဆည်ပေါက် စံပြကျေးရွာ၊ ညောင်ကန်ကျေးရွာ၊ ပုပ္ပားကျေးရွာတို့သည် အရိပ်ရသစ်ပင်၊ စားပင်သီးပင်နှင့် ပန်းအလှပင် အမျိုးမျိုး ပျိုးထောင်စိုက်ပျိုးရောင်းချသည့် ကျေးရွာများဖြစ်ကြကာ ယခုနှစ်မိုးရာသီတွင် အနယ်နယ် အရပ်ရပ်မှ ပျိုးပင်ပေါက်လာရောက်ဝယ်ယူမှု များပြားလာခဲ့သည်။ 
မန္တလေးတိုင်းဒေသကြီးအတွင်း အခွန်အများဆုံးထမ်းဆောင်ခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
၂၀၁၈-၂၀၁၉ စည်းကြပ်နှစ်အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း အခွန်အများဆုံး ထမ်းဆောင်ခဲ့သူ စီးပွားရေးလုပ်ငန်းရှင် ၂၀ အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက မန္တလေးမြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက လျင်မြန်စွာတုံ့ပြန်ဖြေရှင်းနိုင်ရေး ကြိုတင်ပြင်ဆင် လေ့ကျင့်မှု များ ဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက် လာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်ဆုံးရှုံးမှုမရှိစေရေး အချိန်နှင့်တစ်ပြေးညီ တုံ့ပြန် ဖြေရှင်း ကူညီဆောင်ရွက်နိုင်ရေးအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနရှိ ရှာဖွေကူညီကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက