မကွေးမြို့ရှိ မူလတန်းကလေးများအတွက် သင်ထောက်ကူပစ္စည်းများ လုပ်ဆောင်နေ

မကွေးပညာရေးကောလိပ်နှင့် မကွေးတက္ကသိုလ်တို့၌ ပညာသင်ကြားနေဆဲ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းထားသည့် Student Voice ပညာဒါနအသင်းက ကျောင်းများပြန်ဖွင့်ချိန်တွင် မူလတန်းအရွယ်ကလေးများအား ပညာမျှဝေနိုင်ရန် သင်ထောက်ကူပစ္စည်းများကို စတင်လုပ်ဆောင်နေကြောင်း အဆိုပါအသင်း တာဝန်ခံထံမှ သိရသည်။
မကွေးတိုင်းအတွင်း၌ Varroa Jacobsoni ကပ်ပါးမွှားကျမည်ကို ပျားမွေးမြူသူများက စိုးရိမ်နေ
မန္တလေးတိုင်းမှ မကွေးတိုင်းအတွင်းသို့ ပြောင်းရွှေ့မွေးမြူလာသော ပျားစခန်းတစ်ချို့တွင် Varroa Jacobsoni ကပ်ပါးမွှားကို သြဂုတ် ၁ ရက်က တွေ့ရှိခဲ့၍ အခြားပျားစခန်းများနှင့် ၆ မိုင်အကွာသို့ ရွှေ့ပြောင်းစေခဲ့ပြီးနောက် ရောဂါပိုးကျမည်ကို ပျားမွေးမြူသူများက စိုးရိမ်နေကြောင်း မကွေးတိုင်းဒေသကြီး ပျားလုပ်ငန်းဦးစီးဌာနက သိရသည်။
ဧရာဝတီမြစ်ရေတက်၍ မြို့နယ် ၇ မြို့နယ်မှ လူဦရေ ၅၀၀၀ ကျော် ရေဘေးကြုံ
မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် ၇ ခု၌ ဧရာဝတီမြစ်ရေတက်၍ ဇူလိုင် ၂၀ ရက်မှ သြဂုတ် ၄ ရက်ထိ လူဦးရေ ၅၀၀၀ ကျော် ရေဘေးကြုံကာ ယာယီရွှေ့ပြောင်းနေထိုင်မှုများရှိခဲ့ပြီး ကူညီထောက်ပံ့မှုများ လုပ်ဆောင်ထားကြောင်း တိုင်းဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနက သိရသည်။ 
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ ရွှေဘိုလမ်း၊ အမှတ်(၁၈)ရပ်ကွက်ရှိ အောင်ဆန်းသူရိယလမ်း၊ သခင်ဖိုးလှကြီး(၂)လမ်းတို့ကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ကုလားကြီးစုကျေးရွာရှိ ရွှေဘိုလမ်း၊ အမှတ်(၁၈)ရပ်ကွက်ရှိ အောင်ဆန်းသူရိယလမ်း၊ သခင်ဖိုးလှကြီး(၂)လမ်းတို့တွင် မိုးတွင်းကာလ သွားလာရေး အဆင်ပြေစေရန်နှင့် လမ်းများပေါ်တွင် ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရန် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိရာ
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert တည်ဆောက်ရေး လုပ်ငန်းများအား စက်ယန္တရားဖြင့် ဆောင်ရွက်လျက်ရှိ
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး Box Culvert  များ တည်ဆောက်နေမှုနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက စက်ယန္တရားဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသော ရေမြောင်းတူးဖော်ခြင်းနှင့် လမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေ များကို ယနေ့နနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရ
ရေကျော်ပျက်စီးသွားသည့် မီးရထားလမ်း ပြန်လည်ပြုပြင်ပြီးဖြစ်၍ ရထားခရီးစဉ်များ ပြန်လည်ဖွင့်လှစ်
ရန်ကုန်-မန္တလေး မီးရထားလမ်းရေကျော်မှုကြောင့် ပျက်စီးသွားသည့်နေရာများ ပြန်လည်ပြုပြင်ပြီး ဖြစ်သဖြင့် ယနေ့ရထားခရီးစဉ်များ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း မြန်မာ့မီးရထား သွား/လာ (မန္တလေးတိုင်း ဒေသကြီး)ဌာနမှ သိရ