ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏အချက်အလက်များ တိကျခိုင်မာအားကောင်းစေရေး သုံးသပ်ညှိနှိုင်းအစည်းအဝေး ကျင်းပ
ကမ္ဘာ့နိုင်ငံများအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review (UPR) နှင့်ပတ်သက်၍ အမျိုးသားအဆင့် စတုတ္ထအကြိမ် အစီရင်ခံစာ (မူကြမ်း) အပေါ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စုစည်းတင်ပြဆောင်ရွက်ရသည့် အချက်အလက်များ ပိုမိုတိကျ ခိုင်မာအားကောင်းစေရေး သုံးသပ်ခြင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။








