ကျွန်းစုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးလုပ်ငန်းများဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကရုဏာနာရေးကူညီမှုအသင်း၊ ကြက်ခြေနီအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊တားဆီးရေး အတွက် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျေးရွာ(၆)ရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။