ပုသိမ်ခရိုင် ကျောင်းကုန်းမြို့နယ်အတွင်း တစ်ဖက် ၆ ပေစီ လမ်းအကျယ် တိုးချဲ့ခြင်းလုပ်ငန်းများအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် မိုင်တိုင်အမှတ် ၇၂/၅ မှ ၇၃/၀ အတွင်း လမ်းအကျယ် မူလ(၂၂)ပေအား တစ်ဖက်လျှင်(၆)ပေစီ တိုးချဲ့၍ စုစုပေါင်းလမ်းအကျယ်(၃၄)ပေ တိုးချဲ့ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် မူလလမ်းအား ကတ္တရာထပ်ပိုးလွှာ(၄)လက်မ ခင်းခြင်းလုပ်ငန်းတို့ကို လမ်းဦးစီးဌာနမှ အထွေထွေ တင်ဒါပိုလျှံငွေကျပ် ၉၉.၆၅ သန်းဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။






