ညောင်ဦး၌ မြေပဲမျိုးစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
မြေပဲမျိုးစေ့ချကိရိယာဖြင့် စမ်းသပ်စိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပျော်ဘွယ်ကျေးရွာ၌ ဆောင်ရွက်ခဲ့ရာ တောင်သူ ၃၀ ဦးခန့် တက်ရောက်ခဲ့သည်။




