လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကူများကို လဲလှယ်ပေးလျက်ရှိ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါ (၅၀၀)ကျပ်တန် ငွေစက္ကူပုံစံအသစ်ကို ဇူလိုင် ၂၁ ရက်မှစတင်ပြီး မြန်မာ့စီးပွားရေးဘဏ်များတွင် ပြည်သူများအား လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။





