ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့် လူနေအိမ်ပြောင်းရွှေ့နေရသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှု
ပခုက္ကူမြို့နယ် ရှားပင်အုပ်စု၊ သဖန်းပင်ကျေးရွာ၌ ဧရာဝတီမြစ်ရေ တိုက်စားပြီး ကမ်းပါးပြိုကျမှုတို့ကြောင့် လူနေအိမ် အချို့ပြောင်းရွှေ့နေရသည့် အခြေအနေများကို ဇူလိုင်လ ၈ ရက် ညနေ ၅ နာရီခွဲအချိန်က တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။








