လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းခွဲများအား မြို့နယ်စာရင်းစစ်မှ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် လူထုဗဟိုပြု စီမံကိန်း၏ တတိယနှစ်စက်ဝန်း လုပ်ငန်း(ခွဲ)များဖြစ်သော ငှက်ချောင်ကျေးရွာ ရွာတွင်းလမ်းနှင့် ရေမြောင်းပြုပြင်ခြင်း၊ ကြူတောကျေးရွာ ဘက်စုံသုံး ခန်းမဆောင် ၊ ငလွန်းကျေးရွာ ၂ ထပ်ကျောင်းဆောင် ၊ မြောက်မကျင်းကျေးရွာ ဘက်စုံသုံး ခန်းမဆောင် နှင့် မြေကာနံရံ တည်ဆောက်ခြင်းနှင့် မင်းကြည့်ကျေးရွာ ရွာတွင်းလမ်းနှင့်ရေမြောင်းပြုပြင်ခြင်း လုပ်ငန်းများအား ဆောမြို့နယ် စာရင်းစစ်ရုံးမှ မြို့နယ်စာရင်းစစ်ဦးစီး ဦးခင်မောင်ဌေး နှင့် အဖွဲ့မှ  စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်ပြီးစီးမှု့ကို ဇူလိုင် ၂ ရက်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်လူထု ဗဟိုပြုစီမံကိန်းရုံးမှ သိရ
တောင်ဥက္ကလာပမြို့နယ်၌ ရေစီးရေလာကောင်းမွန်ရေး ရေမြောင်းများရှင်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မိုးရာသီတွင် ရေကြီး၊ ရေလျှံမှုများ မဖြစ်ပေါ်စေရန်နှင့် ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းအတွင်း ပိတ်ဆို့နေသော အမှိုက်၊ ရွှံ့နွံနှင့် နုံးများဆယ်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁၁)ရပ်ကွက်၊ သုမင်္ဂလာလမ်းမကြီး တစ်လျှောက် ဆောင်ရွက်ခဲ့ကြောင်း သိရ
မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး 
၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃ ရက်တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်(စံပြ)ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသခံပြည်သူများ လိုအပ်သောကျေးရွာတွင် သင်တန်းများ ဖွင့်လှစ်ပို့ချသွားမည်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ Covid-19 ကာလအလွန်တွင် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိရန် အသက်မွေးဝမ်းကြောင်း အ‌ထောက်အကူပြု ကာလအလွန် သင်တန်းအကြိမ်(၂၀) ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အားကစားကွင်း မီတာ(၄၀ဝ)ပြေးလမ်း ပြီးစီးမှုအခြေအနေများအား ပြည်နယ်လူမှုရေး ဝန်ကြီး ကွင်းဆင်းကြည့်ရှု
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း မီတာ(၄၀ဝ)ပြေးလမ်း ပြီးစီးမှုအခြေအနေများအား ဇူလိုင် ၁ ရက် နံနက် ၈ နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရ
ကျောင်းကုန်းမြို့တွင် COVID-19 ကူးစက်ပျံ့နှံ့မှု မရှိစေရေး  နှာခေါင်းစည်းများ ဖြန့်ဝေပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ကျောင်းကုန်းမြို့နယ် ဆေးရုံလမ်းနှင့် ရတနာပုံလမ်းထောင့် မြို့မဈေးအနီးလမ်းဆုံတွင် COVID-19 ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေမှုကို ယနေ့နံနက် ၈ နာရီအချိန် ကျင်းပခဲ့သည်။
ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေစိုက်ပျိုးသူများ မိသားစုဝင်ငွေရရှိ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် တစ်ပိုင်တစ်နိုင် အာဆီယံသပြေ စိုက်ပျိုးသူများ မိသားစုဝင်ငွေ ရရှိနေကြောင်း သိရသည်။