မြစ်သားမြို့နယ်တွင် (Grade-10)သင်ရိုးသစ် Face to Face သင်တန်း ဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ပညာရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ် မြို့နယ်အဆင့် ဒဿမတန်း(Grade-10)သင်ရိုးသစ် Face to Face သင်တန်းဖွင့်ပွဲအား ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပညာရေးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်းပိုင်းအား လမ်းချဲ့ခြင်းနှင့် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် လမ်းဦးစီးဌာန ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် မုံရွာ- ပုလဲ- ဂန့်ဂေါ- ဟားခါးလမ်းပိုင်းအား လမ်းချဲ့ခြင်းနှင့် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း (၁၉၂.၃၁)ကီလိုမီတာမှ (၁၉၆.၅၄)ကီလိုမီတာအတွင်း ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း ရပ်နားထားသော လက်ပံတန်း-သာရဝေါ လော်ကယ်ရထား ပြန်လည်ပြေးဆွဲသဖြင့် ဒေသခံများ အဆင်ပြေ
ကိုဗစ်-၁၉ ကာလအတွင်း ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းထားသော လက်ပံတန်း-သာရဝေါ လော်ကယ်ရထားအား ယနေ့တွင် ပြန်လည်ပြေးဆွဲပေးသည့်အတွက် ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့၌ မိုးရာသီသစ်ပင်စိုက်ပွဲတော် ကျင်းပ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက ဆွမ်ပရာဘွမ်မြို့ ပင်လယ်ရေမျက်နှာပြင်အမြင့်ပေ ၄၆၀၀ ဆိုင်းဘုတ်အနီးရှိ လမ်းဘေးဝဲ/ယာ၌ အရိပ်ရသစ်ပင်များကို
ညောင်ဦးခရိုင်၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၃၅ ကျောင်း အဆင့်တိုး မြှင့် ဖွင့်လှစ်ခွင့်ရရှိ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၃၅ ကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ရရှိကြောင်း ညောင်ဦးခရိုင်၊ခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဌေး ထံကသိရသည်။
ကော့သောင်းတွင်  သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါမဖြစ်ပွားရေး ခြင်ဆေးဖျန်း
ကော့သောင်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူ့ကျန်းမာရေးဌာန၊ နာရေးကူညီမှုအဖွဲ့များ ပူးပေါင်း၍ မကြာမီပြန်လည်ဖွင့်လှစ်မည့် ကော့သောင်းမြို့ပေါ် စာသင်ကျောင်းများအား  မိုးရာသီတွင် ဖြစ်ပွားတတ်သည့် ရောဂါများမဖြစ်ပွားရေး ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို  ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံဆောင်ရွက်ပေး
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်တွင် ပူးပေါင်း ပါဝင်ကူညီခဲ့ကြသည့် စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေပေးအပ်ပွဲကို