သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောမြို့၌ ဆောင်ရွက်
မကွေးတိုင်းဒေသကြီး၊ ဆောမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေး ခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။



