မြရည်နန္ဒာတန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ (၃)နှစ်တာ ကာလအတွင်း တိုက်ခန်းပေါင်း (၁၈၀၀) ရောင်းချပေးနိုင်ခဲ့
မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော် ဆောင်ရွက်ထားသော မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ရာစီမံကိန်းမှ ၂၀၁၈ ခုနှစ် မှ ၂၀၂၀ ပြည့်နှစ်အထိ (၃) နှစ်တာ ကာလအတွင်း တိုက်ခန်းပေါင်း(၁၈၀၀) အား နိုင်ငံဝန်ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ပုဂ္ဂလိကဝန်ထမ်းနှင့်ပြည်သူများအား ရောင်းချပေးနိုင်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန မှ သိရသည်။








