ဒုတိယဝန်ကြီး ဦးကြည်မင်း (၆၉)ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော ညှိနှိုင်းအစည်းအဝေး တက်ရောက်
(၆၉)ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ ကမ္ဘောဇရိပ်သာဝင်းအတွင်းရှိ ကမ္ဘောဇနန်းတော်၌ ကျင်းပသည်။