စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုစီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ၏ အကူအညီ  ယန်းသန်း (၂၀၀၀) ပေးမည့် စာချွန်လွှာ လက်မှတ်ရေးထိုး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စီမံချက်အတွက် ဂျပန်နိုင်ငံအစိုးရ၏အကူအညီ ယန်းသန်း (၂၀၀၀)ပေးရေး ဆိုင်ရာ စာချွန်လွှာကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုယ်စားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းနှင့် ဂျပန်နိုင်ငံ အစိုးရကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး Mr. MAYUYAMA Ichiro တို့သည် ဇွန် ၅ ရက်တွင်  အပြန်အလှန် လက်မှတ်ရေးထိုးခဲ့ကြသည်။
ကိုဗစ်-၁၉ ရောဂါ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ASEAN Tourism Crisis Communication Team ၏ Video Conference အထူးအစည်းအဝေးကျင်းပ
COVID-19 ရောဂါ သက်ရောက်မှုများနှင့် စပ်လျဉ်း၍ ASEAN Tourism Crisis Communication Team ၏ Video Conference အထူးအစည်းအဝေးကို ဇွန် ၄  ရက် နံနက်ပိုင်းက ကျင်းပသည်။ 
အာဆီယံသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို Online Conferencing ဖြင့် ကျင်းပ
၂၀၂၀ပြည့်နှစ်အတွက် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် Online Conferencing ဖြင့် ကျင်းပရာ
လဟယ်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းဖြင့် ကျေးရွာ ၁၆ ရွာအား လျှပ်စစ်မီးရရှိရေးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ  လဟယ်မြို့နယ်တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံ ကိန်းဖြင့် ကျေးရွာ ၁၆ ရွာအား လျှပ်စစ်မီး ၁၀၀ ရာခိုင်နှုန်းပြည့်ရရှိပြီဖြစ်ကြောင်း လဟယ်မြို့ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။
ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ရုပ်ရှင်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်နှင့် ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တွေ့ဆုံညှိနှိုင်းသည့်အစည်းအဝေးကို
နေရပ်ပြန်ပြည်သူ ၁၅၁ ဦးအား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များသို့ စနစ်တကျလွှဲပြောင်းပို့ဆောင်
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်းက မော်တော်ယာဉ် ခုနစ်စီးဖြင့် နေရပ်ပြန်ပြည်သူ ၁၅၁ ဦး ထပ်မံဝင်ရောက်လာကြောင်း သိရသည်။