ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြစ် မင်းတပ်မြို့၌ ပျိုးပင်များအခမဲ့ပေးဝေ

ဇွန်လ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ယနေ့ နံနက် ၈ နာရီတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောဦးစီး ဌာနတို့ ပူးပေါင်း၍ မင်းတပ်မြို့ရှိ ဉယျာဉ်ခြံ စိုက်ပျိုးရေး တောင်သူများကို ပျိုးပင်များ အခမဲ့ပေးဝေကြောင်း သိရသည်။
သီပေါ-လားရှိုး ဒေသများမှ စတင်ထွက်ရှိလာသည့် ရာသီပေါ်သီးနှံ နာနတ်သီးများ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာ
ရှမ်းပြည်မြောက်ပိုင်း သီပေါ-လားရှိုး ဒေသများမှ ပေါ်ဦးပေါ်ဖျား စတင်ထွက်ရှိလာသည့် ရာသီပေါ်သီးနှံ နာနတ်သီးများ မန္တလေးဈေးကွက်သို့ စတင်ဝင်ရောက်လာကြောင်း မန္တလေးမြို့ရှိ သစ်သီးပွဲရုံများမှ သိရသည်။
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ်ပြည်သူ လူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ်သိန်း(၅၀၀၀) ထပ်မံလှူဒါန်း
ကမ္ဘောဇဘဏ်မှ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီသို့ ငွေကျပ် သိန်း(၅၀၀၀) ထပ်မံလှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ ခွဲအချိန် တွင်တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် ရှမ်းပြည်နယ်ပြည်သူလူထု စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီရုံး၌ ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စား လှယ်များ၊ ကမ္ဘောဇ ဘဏ်လီမိတက်နာယက ဦးအောင်ကိုဝင်းနှင့် အရာထမ်းများ၊ ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံရေးကော်မတီဝင်များ၊ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည်ပဝယ်လိုအားရှိ၍ ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံစျေး အနည်းငယ်ပြန်တက်
ပြည်ပဝယ်လိုအားရှိ၍ ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံစျေး အနည်းငယ်ပြန်တက်လာကြောင်း ပဲစျေးကွက် အတွင်းမှ သိရသည်။
COVID-19 Fund မှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း (၃၇၆) ခုအတွက် ချေးငွေ ကျပ် ၁၂ ဘီလီယံကျော် ထုတ်ချေးထား
COVID-19 Fund မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း (၃၇၆) ခုအတွက် ချေးငွေ ကျပ် ၁၂ ဘီလီယံကျော် ထုတ်ချေးထားကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလဖြစ်သည့်အတွက် မဲရုံအရေအတွက်တိုး၍ ဆောင်ရွက်သွားရန် လျာထားစီစဉ်လျက်ရှိ
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို လာမည့်နိုဝင်ဘာလအတွင်း ကျင်းပသွားဖွယ်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသော ကာလဖြစ်သည့်အတွက် မဲဆန္ဒရှင်များပြားသည့် မဲရုံများအတွက် မဲရုံအရေအတွက်တိုး၍ ဆောင်ရွက်သွားရန်လျာထား စီစဉ်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ သိရသည်။
ဒိန်းမတ်သံရုံးမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းများလှူဒါန်း
မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ (Embassy of Denmark in Myanmar)မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၌ အသုံးပြုရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ၁နာရီက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအစည်းအဝေးခန်းမ (၄) ၌ ကျင်းပသည်။