ပလက်ဝမြို့အနီး နေရာယူ၍ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် AA  အကြမ်းဖက် သောင်းကျန်းသူများ၏ အခိုင်အမာ ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအား သိမ်းပိုက်ရရှိ
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ နေရာများ၌ အခိုင်အမာနေရာယူ၍ ပလက်ဝဒေသ နယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန် မြစ်ကူးတံတားနှင့် လမ်းဖောက်လုပ်ရေး စီမံကိန်းတို့အား နှောင့်ယှက် ခြိမ်းခြောက်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာခြေ ကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် တပ်မတော်မှ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းသို့ သွားရောက်ကြည့်ရှုအားပေး
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးမှူး၊  ပဲခူးမြို့ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများနှင့် အတူ ယနေ့ မွန်းလွဲ(၂)နာရီက ပဲခူးမြို့ အသောက ဘုန်းတော်ကြီးကျောင်းရှိ နေရပ်ပြန်ပြည်သူများထားရှိရာ facility quarantine စခန်းအား သွားရောက်ကြည့်ရှု၍ အားပေးစကားများ ပြောကြားသည်။
မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
မိုင်းဆတ်မြို့နယ်တွင် ငွေကျပ်သိန်း ၄၈,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်။ 
မြိတ်မြို့တွင် သံဃာတော်များနှင့် သီလရှင် စုစုပေါင်း အပါး(၄၀၀)အတွက် အခြေခံ စားသောက်ကုန်(၄)မျိုးနှင့် ဝတ္ထုငွေ လှူဒါန်း  
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၂)ကျောင်းမှ သံဃာတော်များနှင့် သီလရှင် ကျောင်းများမှ သီလရှင်များ စုစုပေါင်း အပါး(၄၀၀)အတွက် အခြေခံစားသောက်ကုန် (၄)မျိုးနှင့် ဝတ္ထုငွေများကို ယနေ့ နံနက်ပိုင်းက ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် လှူဒါန်းခဲ့သည်။
ပုဂံညောင်ဦးမြို့နယ်ရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စု ၂၈၈ စုအား ဆန်လှူဒါန်း
မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံလက်လုပ်လက်စား အိမ်ထောင်စုဝင်များအားကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်များလှူဒါန်းခဲ့ကြောင်း သိရသည်။
မန္တလေးတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေး‌ရေး လုပ်ငန်းများကို ဇွန်လဆန်းပိုင်းမှာ စတင်နိုင်မည်
မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနရှိ ကိုဗစ်-၁၉ ဓါတ်ခွဲ အတည်ပြု စမ်းသပ် စစ်ဆေးရေး စက်နှစ်လုံးဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေး‌ရေး လုပ်ငန်းများကို ဇွန်လဆန်းပိုင်း ရောက်မှသာ စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။